ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်မြင့်ကြွယ်ရေးသားသော “အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား” စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ပထမနေ့အဖြင့် မြန်မာစာဘာသာရပ်အားစတင်၍ အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား/သူများ စတင်ဖြေဆို

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား စတင်၍ အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များ အတွင်းတွင် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီထိ သုတ/ရသစာအုပ်  စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၉:၃၀)နာရီတွင် ဒေသခံပြည်သူများ ကျောင်းသား/ကျောင်းသူများက ကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြုကြစေရန် စာကြည့်တိုက်တွင်း သို့မဟုတ် စာအုပ်/စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ  ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးသော သီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားနည်းကြောင်း သိရသည်။

ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ မိုးနိုင်းကျေးရွာအုပ်စု မိုးနိုင်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၌ အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွား ခြောက်ဦးအား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွားများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။

လှိုင်းဘွဲမြို့နယ် စိန်ဖရန်စစ်ဇေးဗီးယားမူကြိုကျောင်း၌ မူကြိုကျောင်းဆင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ စိန်ဖရန်စစ်ဇေးဗီးယား ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအား မူကြိုကျောင်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့်ပညာရည်ချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါမူကြို ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်