ကြာအင်းဆိပ်ကြီး မတ် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား စတင်၍ အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ အခြေခံပညာစနစ်သစ်ဖြင့် ပထမဦးဆုံးသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား၊ကျောင်းသူ (၂၅၈)ဦးမှ စာရင်းပေးသွင်းထားရှိပြီး ယနေ့ မြန်မာစာဘာသာရပ်အား လာရောက်ဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၂၈) ဦးမှ ဝင်ရောင်ဖြေဆိုလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ပျက်ကွက်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုမှုမှာ (၈၈. ၃၇%)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)