မြဝတီမြို့ခရိုင်၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း၏ သဘောသဘာဝများကို သိရှိနားလည်ပြီး ဌာန၏ ရည်မှန်းချက် တာဝန်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း(၁/၂၀၂၄) ကို မတ် ၁၁ ရက်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online Virtual စနစ်ဖြင့် ဖွင့်လှစ် သင်ကြားပေးသည်။