ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား၊ကျောင်းသူ(၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘားအံ၌ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် တပေါင်းပွဲတော် ကျင်းပရေးစီမံခန့်ခွဲမှု ဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဘားအံ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင်နိုင်မှုများ၊ လူသားအကျိုးပြုမှုများကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဘားအံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘားအံမြို့နယ်မှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို လစဉ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ရှမ်းရွာသစ်မြို့တွင် နွေရာသီ ကာလရောက်ပြီဖြစ်၍ စားဖိုဆောင်သီးနှံများစိုက်ပျိုးမှု နည်းပါးလာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေး အထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် နွေရာသီရောက်ပြီဖြစ်၍ စားဖိုဆောင်သီးနှံများ စိုက်ပျိုးမှုနည်းပါးလာကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား  ထောက်ပံ့ငွေများ လိုက်လံပေးအပ်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃) လ ပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ကျန်းမာရေး ဆေးဖက်ဝင် ဍရင်ကောက်ပင်များ တစ်နိုင်တစ်ပိုင် စမ်းသပ်စိုက်ပျိုးလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဟင်းလျာအတွက် တောတောင် လျှိုမြောင် စိမ့်စမ်းချောင်းဘေးများတွင် သဘာ၀အလျောက် ရာသီအလိုက် ပေါက်ရောက်လျက်ရှိသော ကျန်းမာရေး ဆေးဖက်ဝင် ဍရင်ကောက်ပင်များကို မိသားစုစားသုံးရန် နှင့်  အပိုဝင်ငွေများရရှိရန် ရှာဖွေရောင်းချသူများ များပြားလာလျက်ရှိသောကြောင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသ ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတပိုမိုရရှိစေရန်အတွက် ယမန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေး ဟောပြောပွဲ  ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်