သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး

သံတောင်ကြီး မတ် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များ အတွင်းတွင် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီထိ သုတ/ရသစာအုပ်  စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၉:၃၀)နာရီတွင် ဒေသခံပြည်သူများ ကျောင်းသား/ကျောင်းသူများက ကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြုကြစေရန် စာကြည့်တိုက်တွင်း သို့မဟုတ် စာအုပ်/စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊  ဒေသခံပြည်သူများ၊  ကျောင်းသူကျောင်သားများ၊ လူငယ်လူရွယ်များအား မြို့နယ်စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုတ ကြွယ်ဝပြည့်စုံသော လူငယ်များ ဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ရသ စာအုပ်စာစောင်များ၊ အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ