ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ်    မတ်    ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်မြင့်ကြွယ်ရေးသားသော “အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား” စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ Book Clubအဖွဲ့ဝင်များက ယခုဆွေးနွေးသည့်စာအုပ်တွင် လူအများအပြား၊ ၎င်း၏ နောက်ကလိုက်ပါလိုကြသည်သာမက အမှန်တကယ်ထိရောက်စွာ ခေါင်းဆောင်မှုပေးနိုင်သူတစ်ဦးအတွက် လိုအပ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအရည်အချင်းများကို သတိထားမိစေရန်၊ ဖွံ့ဖြိုးလာစေရန်နှင့် နေထိုင်တတ်စေရန် ရည်ရွယ်ကြောင်း၊ ဤစာအုပ်ကို ဖတ်ရှုပြီးပါက ခေါင်းဆောင်တစ်ဦးဖြစ်လာ စေရန် အချိန်ယူရကြောင်း သဘောပေါက်လာမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုသည် နေ့ချင်းညချင်း ဖြစ်ပေါ်လာသည်မဟုတ်ဘဲ တစ်ရက်ပြီးတစ်ရက် တိုးတက်ဖွံ့ဖြိုးလာခြင်းပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုတစ် စိတ်တစ်ပိုင်းသည် ခေါင်းဆောင်မှုဉပဒေသများကို လေ့လာခြင်းမှဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့်အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးခဲ့သည်။

ထို့နောက်စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် အဖွဲ့ဝင်များက အကျင့်စာရိတ္တကောင်းမွန်မှု၊ စွမ်းရည် ပြည့်ဝမှု၊ သတ္တိရှိမှု၊ ချင့်ချိန်နိုင်စွမ်းရှိမှုခေါင်းစဉ်ပါအကြောင်းအရာများထဲမှ မိမိတို့သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)