ပိုင်ကျုံ မတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု မိုးနိုင်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မိုးနိုင်းကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား(၂၈)ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ(၈၄၀၀၀ဝိ/-)တိတိကို သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိသူများတို့က လူမှုရေးပင်စင် ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင် ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၃၃၂)ဦး ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)