ကရင်ပြည်နယ်

မြဝတီမြို့၌  ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ကျရေး  အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊   ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ  ကွမ်းယာဆိုင်ဖွင့်လှစ် ရောင်းချသူများအား  ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ကျရေး   အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် ဘွဲကရင်စာပေ သင်တန်းဆင်းပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုးအများစု နေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများထိန်းသိမ်း တတ်စေရန်ရည်ရွယ်၍ ဘွဲကရင်စာပေ သင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာတွင် စကောကရင်အခြေခံစာပေ နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်

ကရင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဂေဘားကရင်စာပေ ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ဖွင့်လှစ်သော စကောကရင်အခြေခံစာပေ နွေရာသီသင်တန်းဆင်းပွဲအခမ်းအနားကို လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာ ကတ်သလစ်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရအား ဂုဏဝိသိဋ္ဌ ထပ်ဆင့်ပူဇော်ပွဲ ပြည်နယ်လူမှုရေးရာဝန်ကြီးတက်ရောက်ပူဇော်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာ၊ မဲဆမိတ်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်၏ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရအား ဂုဏဝိသိဋ္ဌ ထပ်ဆင့်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြုလုပ်ကျင်းပသည်။

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့ထောက်ပံ့ပေးအပ်ပြီး ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ကြဲပက်ခြင်း ကွင်းသရုပ်ပြ

ယခုအချိန်သည် မိုးသီးနှံများထွန်ယက်စိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ရမည့်အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် စားရေရိက္ခာဖူလုံရန်နှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရန် တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကမော့ကစင်(ရဲသာ) ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၈၇)၊ ကမော့ကစင်အနောက်ကွင်းရှိ တောင်သူဦးရွှေကျော်ပါ(၃)ဦး၏ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းစံပြကွက်(၁၀)ဧက၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက်အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံ ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

စပါးသီးနှံကို အလွယ်တကူကြဲပက်စိုက်ပျိုးနေခြင်းအစား ရာသီအချိန်မီစနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံမြို့)မှ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဘားအံမြို့နယ်၊ ကမော့ကစင်အနောက်ကွင်း၊ ကွင်းအမှတ် (၁၁၈၇)ရှိ တောင်သူဦးမောင်မောင်ဌေး၏ လယ်မြေ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးဦးကျကာလ၌ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိပ်သိုမြို့ပေါ်ရှိ ဘာသာရေးဆိုင်ရာအဆောက်အဦးများသို့ သွားရောက်ကာ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်