လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာတွင် စကောကရင်အခြေခံစာပေ နွေရာသီသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်

လိပ်သို မေ  ၂၀

ကရင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဂေဘားကရင်စာပေ ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ဖွင့်လှစ်သော စကောကရင်အခြေခံစာပေ နွေရာသီသင်တန်းဆင်းပွဲအခမ်းအနားကို လိပ်သိုမြို့ ကျောင်းကုန်းကျေးရွာ ကတ်သလစ်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့မိမြို့ဖ စောဂျေအေဝင်းမြင့်၊ ဂေဘားစာပေယဉ်ကျေးမှုအသင်း ဒု-ဥက္ကဋ္ဌနော်မေးလ်ထာ၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးနောက်  သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများက စကော ကရင်စာပေ အက္ခရာဗျဉ်းများအား ရွတ်ဆိုခြင်း၊ ပုံပြင်များဖတ်ကြားခြင်း၊ တေးသီချင်းများဖြင့် သီဆိုခဲ့ကြသည်။

ဆက်လက်၍ သင်တန်းကာလတွင် ဆုရရှိသော သင်တန်းသား ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူတို့က ငွေသားဆုများနှင့် ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)