ကရင်ပြည်နယ်

ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက် ဘုရားကျောင်းလမ်းရှိ လမ်းဘေးဝဲယာအား အုတ်စီ ပလက်ဖောင်းရေမြောင်း တည်ဆောက်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဘုရားကျောင်းလမ်းအား လမ်းဘေးဝဲယာတွင်အုတ်စီပလက်ဖောင်း ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၂၀ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကိုအဆင့် မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်စေရေးအတွက် ယနေ့ နံနက် ၈ နာရီက ကရင် ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ  စိုက်ထူပေးကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ သိန်းအေး ရေးသားသော “လူငယ်နှင့်မီဒီယာအခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို လစဉ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏  "လူငယ်နှင့်အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမကြီးဘေးရှိ ကျောက်စီရေမြောင်းအား အုတ်ရိုးမြှင့်၍ ပလက်ဖောင်း လုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမကြီးဘေး ကျောက်စီရေမြောင်းအား အုတ်ရိုးမြှင့်၍ ကလက်ဖောင်းပြုလုပ်ခြင်း လုပ်ငန်းကို မေလ ဒုတိယပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား လိုက်လံအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးကြိုကာလနှင့်မိုးနှောင်းကာလတို့တွင်ဖြစ်ပွားတတ်သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်တို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ လိုက်လံအသိပညာပေးနှိုးဆောင်ခြင်းများကို မေလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ဘားအံမြို့ မဲဘောင်ဈေး၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)၊ အမှတ်(၉)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့ မြန်မာ့လျှစ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်တိုင်များလျှပ်စစ်ကြိုးများအား ပြန်လည်ပြင်ဆင်တပ်ဆင်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များကြောင့် မြို့အတွင်းလဲကျပြတ်ကျလျက်ရှိသော ဓာတ်တိုင်များ လျှပ်စစ်ကြိုးများ ပြန်လည်ပြင်ဆင်ခြင်း၊ သွယ်တန်းခြင်း၊ စစ်ဆေးရေးလုပ်ငန်းများကို မေလ ၃ ရက် နေ့မှစ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၅)ရပ်ကွက်ရှိ ဓာတ်တိုင်များ ဓာတ်ကြိုးများသွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌  ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ကျရေး  အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊   ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ  ကွမ်းယာဆိုင်ဖွင့်လှစ် ရောင်းချသူများအား  ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ကျရေး   အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် ဘွဲကရင်စာပေ သင်တန်းဆင်းပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုးအများစု နေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများထိန်းသိမ်း တတ်စေရန်ရည်ရွယ်၍ ဘွဲကရင်စာပေ သင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်