သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် ဘွဲကရင်စာပေ သင်တန်းဆင်းပွဲပြုလုပ်

သံတောင်ကြီး  မေ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုးအများစု နေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများထိန်းသိမ်း တတ်စေရန်ရည်ရွယ်၍ ဘွဲကရင်စာပေ သင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့ ဘွဲကရင်စာပေယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဆရာတော်မူးဘွာထူးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ဘွဲကရင်စာပေသင်ကြားပေးသည့် ဆရာမဒေါ်မူးလိုက သင်တန်းပြုလုပ်ရခြင်းရည်ရွည်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင်ဆုရရှိသည့် သင်တန်းသူ/သင်တန်းသားများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း၊ ကျောင်းနေအရွယ်ကလေးသူငယ်(၁၂၀)ဦး တက်ရောက်ကာ သင်တန်းဆရာ/ဆရာမ(၅)ဦး ဖြင့်သင်ကြားပို့ချပေးသွားကာ သင်တန်းကာလမှာ မေ(၇)ရက်နေ့မှ (၁၈)ရက်အထိ (၁၂)ရက်တာဖွင့် လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ