ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးဦးကျကာလ၌ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိပ်သိုမြို့ပေါ်ရှိ ဘာသာရေးဆိုင်ရာအဆောက်အဦးများသို့ သွားရောက်ကာ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံ ပြည်သူများ၊ လူငယ်လူရွယ်များ လူကုန်ကူးမှုအန္တရာယ်ကို သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ကြားနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

သံတောင်ကြီးဒေသထွက် ရာသီပေါ်သီးနှံဖြစ်သည့် ကနစိုးသီးများ  ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကအသက်မွေးဝမ်းအဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း ရာသီဉတုပူးပြင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ရာသီပေါ်သီးနှံများ အထွက်နှုန်းကျဆင်းခြင်းများကြောင့် ဒေသခံပြည်သူအများစုမှာ တောတောင်များရှိ သဘာဝအလျောက်ပေါက်ရောက်သည့်ရာသီပေါ်သီးနှံများ ဆွတ်ခူးရောင်းချလျက်ရှိပြီး ယခုအချိန် သံတောင်ကြီးဒေသထွက် ရာသီပေါ်သီးနှံဖြစ်သည့် ကနစိုးသီးများ  ဈေးကောင်းရရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အမှတ်(၃) ရပ်ကွက်တွင် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌  မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တပိုင်တနိုင် ဟင်္သာဘဲများ မွေးမြူ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိသားစု အပိုဝင်ငွေရရှိစေရေးတွက် မွေးမြူရေး လုပ်ငန်းများဖြစ်သည့် ဟင်္သာဘဲများကိုလည်း တပိုင်တနိုင် တွဲဖက်၍ မွေးမြူလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေး

ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးမြှင့်တင်နိုင်ရန်၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက အဆိုပါစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကော့ကရိတ်မြို့ပြည်သူများ ​နေထိုင်စား​သောက်မှုအဆင်​ပြေ​စေ​ရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်​ဆောင်ရွက်​

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့သည် ယခုအခါနယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်​နေ့မှစ၍ ပြန်လည်တည်​ထောင်ရေးလုပ်ငန်းများ ​ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ယ​နေ့အထိ​ နေ့စဥ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်