ကြာအင်းဆိပ်ကြီးမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်

ကြာအင်းဆိပ်ကြီး  မေ ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံ ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများ ပူးပေါင်းပါ၀င်ပြီး အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် အမှတ် (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အမှတ်(၂)ရပ်ကွက် ဇမိရတနာဈေးရှေ့၊ ရွှေဝါလမ်းထောင့်တို့တွင် စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)