ကရင်ပြည်နယ်

သံတောင်ကြီးမြို့တွင် နာနတ်သီးများအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့် အားလျော်စွာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြပြီး နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်ဖြင့် နှစ်တိုသီးနှံဖြစ်သည့် နာနတ်သီးများကိုစိုက်ပျိုးလျက်သည်။ ယခုဇူလိုင်လဒုတိယပတ်မှစပြီး နာနတ်သီးများ ရင့်မှည့်ကာအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ (၇၇)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီ၊  ပိုစတာ၊ ကာတွန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဇူလိုင်(၁၉)ရက်နေ့တွင်  ကျရောက်မည့်  (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်၉နာရီက ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန၌  ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အလေးထားတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်ရည်ရွယ်၍ “(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ  ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်စေတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်အား ယနေ့နံနက်(၉)နာရီအချိန် ကသံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန်  ယနေ့ နံနက် (၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၄) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်ကလေးပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)၏ (၆၄)နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ် အသစ်ဆောက်လုပ်လှူုဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၄) နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် အလှူရှင်ဥူးဓမ္မကိတ္ထိနှင့် ဒေါ်ဓမ္မကေသရီ(တောင်ကလေးကျောင်း)မိသားစုတို့က ဆောက်လုပ်လှူဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အသစ်ဆောက်လုပ်လှူဒါန်းသည့် ဆွမ်းစားဆောင်၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တ ကဝိဓဇ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကရင်ပြည်နယ်အတွင်း ပျိုးပင်ပေါင်းတစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း တစ်သိန်းရှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ယနေ့နံနက် ၇ နာရီက ဘားအံမြို့နယ် တောင်ကလေးတိုးချမြို့ပြအိမ်ရာစီမံကိန်းဧရိယာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
Subscribe to ကရင်ပြည်နယ်