ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း ၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က Community Centre ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အလေးထားတတ် စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၂၁)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၃၉၈၁ ပါး အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် (၂၁)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

သံတောင်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်တင်စေရန်၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့  အ.ထ.က(၁)၌  ကျောင်းသားလူငယ်များ  ဗလငါးတန်ဖွံ့ဖြိုးပြီး အတွေးအခေါ် မှန်ကန်စေရေး  လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး အတွေးအခေါ် မှန်ကန်စေရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌  ကျင်းပသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘားအံမြို့၊ အ-ထ-က(၂)ကျောင်းတွင် ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ကျောင်းသား/ကျောင်းသူများ၏ ရင်တွင်းစကားသံများ

ကျောင်းသားကျောင်းသူလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံပြီး အသိပညာ မြင့်မားစေရေး ကျောင်းသားလူငယ်များအတွင်း ကျောင်းစာကြည့်တိုက်အသုံးပြုသည့် ယဉ်ကျေးမှု ထွန်းကာလာစေရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်အတွက် ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့ သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရန်အတွက် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်