ကျိုင်းလပ်မြို့ ဝမ်ကျင်းဘုန်းတော်ကြီးကျောင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ကျိုင်းလပ် ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဝမ်ကျင်းဘုန်းတော်ကြီးကျောင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်(၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချမ်းမြေ့စိုး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇင်မင်းခန့်၊ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မီးသတ်၊ မြို့သစ်တော၊ မြို့လယ်/အင်းတို့မှ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးထံသို့ မီးသတ်ဆေးဘူး (၃)ဘူးပေးအပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပြည်သူ ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)