ဒေးဒရဲ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် Grade-4 ၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင်စာမေးပွဲများကို (တတိယနေ့) အဖြစ် ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်များကို ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း (၂၂၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးမှူး ဦးလှစိုး၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများကိုလည်း ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖြေဆိုရက် သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း