တောင်သာမြို့နယ် ဗျိုင်းအင်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ရေစက်ရုံနှင့်ရေပိုက်လိုင်းသွယ်တန်းနေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တောင်သာ ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဗျိုင်းအင်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများ   ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ တာဝန်ခံအင်ဂျင်နီယာဒေါ်ခင်မာပို (ဦးစီးအရာရှိ-နည်းပညာ)နှင့် ဝန်ထမ်းများက စက်ရေတွင်းရေ စမ်းသပ်မောင်းနှင်ခြင်း၊ ရေစက်ရုံ (၁၀ပေ×၈ပေ×၈ပေ) တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းပေ(၂၀၀၀) တူးဖော်ခြင်း၊ ပိုက်ဆက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ရမည့်အချက်များအား လုပ်ငန်းဆောင်ရွက်သူကုမ္ပဏီမှ တာဝန်ရှိသူကို မှာကြားခဲ့သည်။

ဗျိုင်းအင်းကျေးရွာ(၄)လက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ၃၃.၉၅၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် Bihope World Co.ltd ကတာဝန်ယူ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းအားလုံး(၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)