Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့ပေါ်ရှိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့် အဆောက်အဦများ(Bye Law)ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့်အညီ ဆောက်လုပ်နိုင်ရေး ကြပ်မတ်စစ်ဆေး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အဆောက်အဦများ ဆောက်လုပ်ရာ၌ (Bye Law) ခွင့်ပြုချက်များနှင့်အညီ စည်းကမ်းလိုက်နာ ဆောက်လုပ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ပေါ်ရှိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့် အဆောက်အဦ လုပ်ငန်းခွင်များသို့ သွားရောက်ပြီး ခွင့်ပြုထားသည့် သတ်မှတ်စည်းကမ်းချက်များအတိုင်း ဆောက်လုပ်ခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မူးယစ်ဆေးဖြတ် စခန်း(မိုင်းကိုး)တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်မြို့တွင် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Feb 18,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင်မြို့တွင် နွေရာသီကာလ သောက်သုံးရေးပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှုအဆောင်အရာရှိ ဦးဆောင်ကာ စက်ရေတွင်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
Feb 18,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ပသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၊ ပြည်တော်သာရပ်၊ ကွက်သစ်ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Feb 18,2024
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပြည်တော်သာရပ်၊ ကွက်သစ်ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဒေါ်သိမ့်၏ နေအိမ်တွင် လျှပ်စစ်မီးသုံးစွဲရာမှ မီးခလုတ် အပူလွန်ကဲပြီး ဝါယာများမီးလောင်ကာ နေအိမ်သို့ကူးစက်သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Feb 18,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက် (Electronic Voting Mechine - EVM)ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တေင်တွင်းကြီးမြို့နယ် ရွှေရောင်တော်ဘုရားတွင် ကျင်းပပြုလုပ်မည့် ရှင်အပါး (၅၀၀၀) ရှင်ပြအလှူပွဲကြီးတွင် ဆော…
Feb 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တေင်တွင်းကြီးမြို့နယ်၊ ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ဗိဿနိုးနယ်မြေရှိ ရွှေရောင်တော်ဘုရားတွင် သဲဖြူဆရာတော်ကြီး၏ဩဝါဒကို ခံယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀)ရှင်ပြုအလှူမင်္ဂလာပွဲကြီးတွင် ဆောက်လုပ်မည့် မင်္ဂလာမဏ္ဍပ်များ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကအဆိုပါဘုရားပုရဝဏ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စု၌ စိုက်ပျိုးရေးဆိုင်ရာတောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ ခရိုင်စိုက်ပျိူးရေးဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9734
Page
9735
Page
9736
Page
9737
Current page
9738
Page
9739
Page
9740
Page
9741
Page
9742
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department