အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2024
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပြည်တော်သာရပ်၊ ကွက်သစ်ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဒေါ်သိမ့်၏ နေအိမ်တွင် လျှပ်စစ်မီးသုံးစွဲရာမှ မီးခလုတ် အပူလွန်ကဲပြီး ဝါယာများမီးလောင်ကာ နေအိမ်သို့ကူးစက်သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Feb 18,2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက် (Electronic Voting Mechine - EVM)ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Feb 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တေင်တွင်းကြီးမြို့နယ်၊ ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ဗိဿနိုးနယ်မြေရှိ ရွှေရောင်တော်ဘုရားတွင် သဲဖြူဆရာတော်ကြီး၏ဩဝါဒကို ခံယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀)ရှင်ပြုအလှူမင်္ဂလာပွဲကြီးတွင် ဆောက်လုပ်မည့် မင်္ဂလာမဏ္ဍပ်များ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကအဆိုပါဘုရားပုရဝဏ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ ခရိုင်စိုက်ပျိူးရေးဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးထွန်းမျိုးသန့်၊ မြို့နယ်လယ်ယာမြေစီမံခန့်‌ရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Feb 18,2024
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် ၆ နာရီက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းလျားကျေးရွာအုပ်စုရှိ‌ ဒေသခံပြည်သူများနှင့်တွေဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရွာလယ်ကျောင်းတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 18,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ်လာရောက်ဖူးမြော်နေကြပြီး ပွဲတော်စတင်သည့်ရက်မှ ယနေ့အချိန်ထိ ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူပေါင်း ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်ခဲ့ကြကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။