အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌  ကျင်းပကြောင်းသိရသည်။
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေလင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ ပါဝင်သည့်အဖွဲ့သည် ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုများဆောင်ရွက်ပေးခဲ့သည်။
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ မေတ္တာရိပ်ခန်းမတွင် ယနေ့ ၁ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Feb 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းပ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Feb 18,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်း ၁၂၇၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများ အနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။
Feb 18,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လဲလူးအိုင်ကျေးရွာ၌ ထိုးနှံပေးခဲ့သည်။