မုံရွာ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပြည်တော်သာရပ်၊ ကွက်သစ်ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က လျှပ်စစ်မီးခလုတ် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဥ်များ၊ မုံရွာမြို့ သလ္လာရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဥ်များ လူမှုရေးအဖွဲ့များ စုပေါင်းငြှိမ်းသတ်ခဲ့ကြောင်းနှင့် နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့နယ်၊ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)