မြိုင်မြို့တွင် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

မြိုင် ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင်မြို့တွင် နွေရာသီကာလ သောက်သုံးရေးပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှုအဆောင်အရာရှိ ဦးဆောင်ကာ စက်ရေတွင်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့ပေါ်သောက်သုံးရေအဆင်ပြေစေရန်အတွက် မြိုင်မြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ မူလရေစက်ရုံနှင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ တိုးချဲ့ရေစက်ရုံတို့သို့ ကွင်းဆင်းကာ စက်ရေတွင်းများ စစ်ဆေးခြင်း၊ ရေမြှုပ်ပန့်များ အသစ်လဲလှယ်တပ်ဆင်ခြင်းနှင့် ရေတွင်းအမှတ်(၅)နှင့် (၇)တို့မှ ရေပိုက်များလဲလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့နောက် စည်ပင်အမှုဆောင်အရာရှိနှင့်အဖွဲ့သည် ရေဖြန့်ဝေရေးလုပ်ငန်းတွင် အသုံးပြုလျက်ရှိသော ထရန်စဖာနှင့် မီးခလုတ်များအား ကျွမ်းကျင်သူများနှင့်အတူ စစ်ဆေးခဲ့ကြကြောင်းနှင့် မြို့ပေါ်ရပ်ကွက်တွေ ရေဖူလုံစွာရဖို့ အမြဲကြိုးစားနေပါတယ် ရေရှားတဲ့ဒေသဖြစ်တဲ့အတွက် ဒေသခံတွေ ရေအခက်ခဲမဖြစ်အောင် ရေတွင်းလုပ်ငန်းကျွမ်းကျင်သူ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့်ပူးပေါင်းကာ စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟန်မြင့်က ပြောသည်။

ဖြိုးမွန်ကျော်