သဲကုန်း​မြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား  နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့)ကွင်းဆင်းဆေးကုသပေး

သဲကုန်း      ဖေဖော်ဝါရီ   ၁၉            

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ (MOBILE MEDICAL UNIT)ဆေးကုသယာဉ်နှင့် တော်ဝင်နဂါး​​ရောဂါရှာဖွေရေး (ဓာတ်ခွဲခန်း)မှ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများပူးပေါင်းသည့် နယ်လှည့်ကျန်းမာရေးစစ်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီမှစတင်ကာ သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား(အခမဲ့)ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့ ဆေးကုသယာဉ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ​တော်ဝင်နဂါး​ရောဂါရှာဖွေရေး(ဓာတ်ခွဲခန်း)မှ အထွေထွေရောဂါကုသရေးဒေါက်တာမေမြတ်ထွန်း၊ ဒေါက်တ အိဌေး​ငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်သန်းဝင်းကြည်နှင့် ဝန်ထမ်းတို့ကပူးပေါင်းပြီး သဲကုန်း​မြို့နယ်အတွင်းရှိ အလုပ်ဌာန(၂၃)ခုမှ  မြိုနယ်လူမှုဖူလုံရေးရုံးအကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံလုပ်သား (၃၈၀)ဦးတို့အား ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှုတို့ပြုလုပ်ခြင်းတို့နှင့်အတူ လိုအပ်သောဆေးဝါးများ ထောက်ပံ့ကုသပေးခြင်း၊ ပြသသောအာမခံလုပ်သား၏ ကျန်းမာရေးပေါ်မူတည်၍ စစ်ဆေးစောင့်ကြည့်လမ်းညွှန်ကုသခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့နယ်လှည့်ဆေးကုသမှုအစီအစဉ်များအဖြစ် သဲကုန်းမြို့နယ်စည်ပင်သာယာရေးခန်းမတွင်လည်းကောင်း၊ ပုတီးကုန်းမြို့အောင်နိုင်ရိုးမသစ္စာဆန်စက်နှင့် အင်းမမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးများတွင် သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင်အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံလုပ်သားများအား ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နယ်လှည့်ကွင်းဆင်းစစ်ဆေး ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)