မြို့သစ် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံဖြစ်သော ကုလားပဲ ၁၃၂၆၇ဧက လျာထားပြီး၊ စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မြို့သစ်မြို့နယ်တွင် ကုလားပဲသီးနှံများကို ဆင်ဖြူချီအုပ်စု၊ ပုလင်းကြီးအုပ်စု၊ တလုပ်ပင်အုပ်စုစသော မြေအောက်အစိုဓါတ်ရှိသော ကျေးရွာများတွင် စိုက်ပျိုး၍ စုစုပေါင်း စိုက်ဧက ၁၃၂၆၇ဧက စိုက်ပျိုး၍ အောင်မြင်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကုလားပဲသီးနှံကို မိုးဦး၊ မိုးလယ်၊ မိုးနှောင်းရာသီများ၌ စိုက်ပျိုးကြရာ သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများကို စနစ်တကျပေးကာ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
ကုလားပဲခင်းစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းနှင့် အတန်းလိုက်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးရှိသည်။ အတန်းလိုက်စိုက်ပျိုးပါက အပင်များ လေဝင်လေထွက် ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှုမြန်ဆန်ကာ အထွက်နှုန်းကောင်း၍ အပင်များရှုပ်ထွေးမှု မရှိသည့်အတွက် ပိုးကျရောက်မှုလည်း နည်းကြောင်း၊ သို့သော်ကုလားပဲစိုက်ပျိုးရာတွင် မြေအမျိုးအစားနှင့် အစိုဓာတ်ရရှိမှုအပေါ်မူတည်ပြီး အထွက်နှုန်းများကွဲပြားကာ တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၃၀ အထိ၊ ထွက်ရှိနိုင်ကြောင်း မြို့သစ်မြို့၊ မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်ဇော်(ပြန်/ဆက်)