အမြို့မြို့အနယ်နယ်သတင်းများ

Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၁၁၆)ကြိမ်မြောက်မဟာအဘယမုနိငါးထပ်ကြီးရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီက ကဝမြို့ကျက်သရေဆောင် မဟာအဘယမုနိငါးထပ်ကြီးဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 19,2024
မွန်ပြည်နယ်၊ မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၄)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတီတော်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။
Feb 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံသင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
Feb 19,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေခံပညာ ကျောင်းများ၌ကျောင်းတွင်းစစ် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်း ဆင့်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင် ဖြေဆိုခဲ့ရာ ယနေ့တွင် အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Feb 19,2024
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း‌အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်‌ထရောနစ် မဲပေးစက်ဖြင့် လက်တွေစမ်းသပ်‌မဲ‌ပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက၊ အမှတ် (၁၅) ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 
Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများပုံပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့​သည်။