သဲကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများသိရှိနားလည်စေရန် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိ

သဲကုန်း ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယ​နေ့နံနက် ၁၀ နာရီက သဲကုန်းမြို့နယ်၊ မြို့နယ်စခန်းမှူး၊ ရဲမှူးခင်မောင်အေး၊ မြို့မရဲစခန်းမှူး၊ ဒုရဲမှူးဇင်ဟိန်းထွဋ်နှင့်တပ်ဖွဲ့ဝင်များက မြကေသီလမ်းနှင့် သဲကုန်းမြို့အဝင်ဂိတ်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှု၊ စစ်မှုထမ်းဆောင်ရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံး လုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များ ပါရှိကြောင်းသိရသည်။

ကိုကျော် (ပြန်/ဆက်)