လပွတ္တာမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

လပွတ္တာ ဖေ​ဖေါ်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာ ဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစိုးရစက်မှု လက်မှုသိပ္ပံ(လပွတ္တာ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် “လူငယ်စကားဝိုင်း” ကို ကျင်းပရာ စက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်းမှ မောင်လှိုင်ဝင်းညွန့်တတိယနှစ် (မြို့ပြအင်ဂျင်နီဌာန)မှ “လူငယ်နှင့်သက်မွေးပညာ”၊ မနီနီခက်ဝေဦးဒုတိယနှစ် (အီလက်ထနောနစ်အင်ဂျင်နီယာဌာန)မှ “လူငယ်နှင့်အားကစား”၊ မောင်မင်းဖြိုးဇင်ပထမနှစ် (မြို့ပြအင်ဂျင်နီဌာန)မှ “လူငယ်နှင့်နည်းပညာ”၊ မမေမြတ်နိုးသူ ပထမနှစ် (မြို့ပြအင်ဂျင်နီဌာန)မှ “လူငယ်နှင့်ကိုယ်ကျင့်တရား”၊ မငွေလဝင်းဆောင်သာ ဒုတိယနှစ် (မြို့ပြအင်ဂျင်နီဌာ)မှ “လူငယ်နှင့်စာပေလေ့လာမှု” စသည့်ခေါင်းစဥ်တို့ဖြင့် တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းချက်များအား ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးနှင့် ဦးဆောင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားကြကြောင်း သိရသည်။

အဆိုပါစကားဝိုင်းသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှု လက်မှုသိပ္ပံ(လပွတ္တာ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့​ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ် စာစောင်အားစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)