ဟင်္သာတ ဖေဖော်ဝါရီ ၁၉
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂)အုပ်စုနှင့် ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂)အုပ်စုတို့တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်(၁၀) နာရီတွင် ဟင်္သာတမြို့နယ် လိပ်ချောင်းအုပ်စုအတွင်း နေအိမ် ၁၅၀ အတွက် လိုအပ်သော ဝါး၊ ဓနိ၊ ထရံနှင့် သွပ်ကြိုးများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို (၂၄.၁.၂၀၂၄) ရက်နေ့မှစ၍ ဖားလက်ခိုအုပ်စု၊ သက္ကယ်ကျွန်းအုပ်စု၊ ဘေးချောင်အုပ်စု၊ လိပ်ချောင်းအုပ်စုများတွင် တစ်မြို့နယ်လျှင် အိမ်ခြေ(၃၀၀)လုံးနှင့် လူနေအိမ်တစ်လုံးလျှင် ငွေကျပ် ( ၄၅၀၀၀ ) နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ (၆၀၀)လုံးအတွက် ငွေကျပ် ( ၂၇.၀၀၀ )ကျပ်သန်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများအား ဌာနတာဝန်ရှိသူများနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျေးရွာစေတနာရှင် ပြည်သူများနှင့်အတူ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)