သံတောင်ကြီး ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ၏ အကျိုးစီးပွား ဆောင်ရွက်ချက်များ၊ ကလေးသူငယ် များ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမား ပပျောက် ရေးအတွက် ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း ကလေးအလုပ် သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ စသည့် အကြောင်းအရာများအား ပြသပေးခဲ့ရာ ကျောင်းသူ/ကျောင်းသားများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ