တောင်ဥက္ကလာပမြို့နယ်တွင် Emergency Search & Rescue Training အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် Humanity & Inclusion (Myanmar) နှင့် ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency Search & Rescue Training အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ယမန်နေ့နံနက် ၉:၃၀ အချိန်က စီမံကိန်း (၁)၊ မြလေးလမ်း၊ အမှတ် (၁၄) ရပ်ကွက်၊ အရိယဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသော်တာထွေးနှင့် နည်းပြများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆရာမဒေါ်ခင်သန္တာမြင့်တို့မှ လူနာတင်ယာဉ်ပေါရှိ မွေးလူနာအား အရေးပေါ်မွေးဖွားခြင်း၊ အရေးပေါ်ရေပြင်အသက်ဆယ်ရေးနှင့် ရေငုပ်ရှာဖွေကယ်ဆယ်ရေး၊ မီးဘေးအန္တရာယ်နှင့် အခြေခံမီးလောင်ပြင်ရှာဖွေကယ်ဆယ်ရေးတို့ကို သင်တန်းဖွင့်လှစ်သင်ကြား‌ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ အသင်းအဖွဲ့မှတ်ပုံတင် တရားဝင်ရရှိထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအသင်းမှ အဖွဲ့ဝင်များ တက်ရောက်သင်ယူကြကြောင်း သိရသည်။ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသင်တန်းကို (၁၉-၂-၂၀၂၄ မှ ၂၄-၂-၂၀၂၄) ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သီတာအေး (ပြန်/ဆက်)