လောင်းလုံး ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ စစ်ဆေးရေးဂိတ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ဦး၊ ဦးဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန် ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို သံဃာတော်များအား ပြောကြားခဲ့ကြောင်း၊ မီးဘေးအန္တရာယ်တစ်ခုခုကြုံတွေ့လာရပါက မီးသတ်ဦးစီးဌာနသို့ အချိန်မှီဆက်သွယ်ရန် (191)စတေကာအပြားများကိုလည်း ထင်ရှားသည့်နေရာများတွင် ကပ်နှိပ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးဇော်ဦးထံမှ သိရသည်။
သိန်းသိန်း(လောင်းလုံး)