သရက်မြို့၌ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံပေး

သရက် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက အမက ပြည်တော်အေးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံရခြင်းမှာ ဆုံဆို့နာရောဂါဆေးပါဝင်သည့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာရောဂါဖြစ်ပွားခြင်းကို ကာလရှည်ကြာကာကွယ်ပေးနိုင်ရန် ကျောင်းအခြေပြုထိုးနှံခြင်းအားဖြင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာရရှိစေရန် ရည်ရွယ်၍ ထိုးနှံရတာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးဆရာမများက ကျောင်းသား/ကျောင်းသူလေးများအား ကာကွယ်ဆေးထိုးရန် စာရင်းပေးသွင်းပြီး ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီး ကလေးငယ်များအား နာရီဝက်ခန့် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)