တီးတိန် ဖေဖော်ဝါရီ ၂၀
ချင်းပြည်နယ်၊ တီးတိန်မြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ကမ်းဟောက်ခန်းမတွင် ယနေ့နံနက် (၉)နာရီက ကျင်းပြုလုပ်သည်။ ဦးစွာ (Zo Lau Kha PaaL Lun Ding Hi) သီချင်းအား အခမ်းအနား အဖွင့်သီချင်းအဖြစ် သီဆိုကြပြီး ချင်းပြည်နယ် (၉) မြို့နယ် ကိုယ်စားပြု သဘာပတိအဖွဲ့များက နေရာယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက ဖတ်ကြားသည်။
ဆက်လက်၍ သဘာပတိ ဥက္ကဋ္ဌ ဦးအိုက်ဇက်ဇင့်ထောင်းက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းတင်ပြပြီး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အား ကစားပြိုင်ပွဲ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တင်းနစ်နှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
တီးတိန်မြို့၌ ချင်းအမျိုးသားနေ့အား ရိုးရာအဝတ်အစားများနှင့် ရိုးရာအသုံးအဆောင် ပစ္စည်းများအား ခင်းကျင်းပြသခြင်း၊ ရိုးရာအစားအစာများဖြင့် တည်ခင်းခြင်းနှင့် ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စုပေါင်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
ဒေါ်ဒိုင်းခန့်ဒိမ့် (ပြန်/ဆက်)