နတ်မောက်မြို့နယ်၌ ပိတောက်ငုတ်(ရွာကြီး)ကျေးရွာရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

နတ်မောက် ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပိတောက်ငုတ်(ရွာကြီး)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပ‌ဒေပါ အဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက လုံခြုံရေးသတိ လုံခြုံရေးအသိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။                         

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း