မိုးနဲမြို့နယ်၌ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေး

မိုးနဲ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ မြို့ပြပင်စင်စား၊ နိုင်ငံရေးပင်စင်စားနှင့် ဘဏ်ပင်စင်စား ၁၇၄ ဦးကို အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာငွေများမထုတ်ပေးမီ လာရောက်သော အငြိမ်းစားပင်စင်ထုတ်ယူသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇင်မီဟန်နှင့် ဝန်ထမ်းများက ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ထုတ်ဝေပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်တွင် မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စားနှင့် ဘဏ်ပင်စင်စား စုစုပေါင်း ၃၅၂ ဦးရှိကြောင်း၊ လစဥ်နိုင်ငံ့ဝန်ထမ်းလစာငွေများမပေးမီ ၂၁ ရက်နေ့နှင့် နောက်ပိုင်းရုံးဖွင့်ရက်များ၌ ထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်မလာရောက်သူများ အဆင်ပြေစေရေးအတွက် ကိုစာလှယ်လွှဲစာဖြင့် ထုတ်ယူခွင့်ပြုလျက်ရှိကြောင်းနှင့် ပင်စင်စားများမှ အေးချမ်းစွာ ထုတ်ယူလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)