ကလောမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကလော ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလောခရိုင် ဥပဒေအရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူအကြောင်းနှင့် ပြည်သူ့စစ်ဥပဒေနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး နိုင်လင်းထွန်းက ပြည်သူ့စစ်မှုထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်အချက်များ၊ သတင်းတု၊ သတင်းအမှားများ ခွဲခြားသိရှိနိုင်ရေးနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများ အထင်မှားစေနိုင်သည့် ကောလာဟသသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကလောခရိုင်ဥပဒေအရာရှိ ဒေါ်မီမီအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)