ငါန်းဇွန် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၄၉)ဦးအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအစီအစဉ်ကို ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)