လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်း (အခမဲ့)ဖွင့်လှစ်မည်

ပျဉ်းမနား ဖေဖော်ဝါရီ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လက်တွေ့အသုံးချဓာတ်ပုံပညာသင်တန်းအား မတ်လ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၉ နာရီမှ ၁၁နာရီအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်းတွင် ဓာတ်ပုံပညာရှင် ဦးကျော်ဇေယျ(ပျဉ်းမနား)က Camera Setting, Composition, Lighting Theory & Direction of Light, Concept, Portrait, Model, Landscape, Family Photo စသည့်ကဏ္ဍများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး (ရွှေညောင်ပင်ကားဂိတ်အနီး)သို့ တက်ရောက်မည့် သင်တန်းသားကိုယ်တိုင် ရုံးချိန်အတွင်း လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)