ကျုံပျော်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကျုံပျော် ဖေဖော်ဝါရီ ၂

မီးဘေးအန္တရာယ်‌ကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ပျဉ်းကတိုးကုန်းအုပ်စုတွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ်  တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ၁၉-၂-၂၀၂၄ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးပြည့်စုံထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးနှင့် ပူးပေါင်းအဖွဲ့များက ကျုံပျော်မြို့နယ်၊ ပျဉ်းကတိုးကုန်းအုပ်စု၊ သပြေကွင်းကျေးရွာအတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ ပွင့်လင်းရာသီရောက်ရှိလာသဖြင့် နေအိမ်များအတွင်း မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ သဲပုံး၊ ရေပုံးများဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ ထင်းမီး၊ မီးသွေး အသုံးပြုချက်ပြုတ်ရာတွင် ဘေးအန္တရာယ်ကင်း၍ စိတ်ချရမှု ရှိ/မရှိနှင့် မီးသုံးစွဲမှုအခြေအနေများအား စစ်ဆေးပြီး၊ ကျေးရွာပြည်သူများအား  မီးသုံးစွဲပုံအဆင့်ဆင့်တို့အား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)