ပုဇွန်တောင် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးရွှေမိုဃ်းက သဘာပတိအဖြစ် ဆောင်ရွကကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးသူမြင့်က လမ်းညွန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့မှ ဖတ်ကြားတင်ပြအတည်ပြုချက်ရယူခဲ့ပြီး အသင်းဝင်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အစုအပေါ်အမြတ်များ ထုတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်