တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပ

တွန်းဇံ ဖေဖော်ဝါရီ ၂၂

ချင်းပြည်နယ်တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀-၂-၂၀၂၄ ရက်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ကဖတ်ကြားပြီး၊ ချင်းပြည်နယ်အတွင်းရှိမြို့နယ် (၉)ခုကိုယ်စားပြု သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဦးထန်ရှန်းမုန်က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာ မြို့နယ်ထွေ/အုပ်ဝန်ထမ်းအမျိုးသမီးများက ချင်းပြည်နယ် မြို့နယ်ကိုးခုမှ မြို့နယ်တစ်ခုချင်းစီ ရိုးရာဝတ်စုံ Fashion Show ဖြင့် ပြသဖျော်ဖြေပြီး အ.ထ.က ကျောင်းသား/ကျောင်းသူများက "ပွဲတော်" သီချင်း "ချင်းတို့ဌာနေ" တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ခေါလိုင် အ.လ.က ခွဲနှင့် အ.လ.က တုန်းတွောင်တို့မှ ကျောင်းသား/ကျောင်းသူများက ချင်းရိုးရာအက၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသော ဓမ္မဆရာများနှင့် မြို့မိ/မြို့ဖတို့အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှတ်တရလက်ဆောင်ပေးအပ်ကာ အကအဖွဲ့များအား ဆုငွေများကို တာဝန်ရှိသူများက ပေးအပ်ပြီးနောက် တက်ရောက်သူများအားလုံးကို နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးသည်။

အဆိုပါ(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးးအကဲများနှင့် ဝန်ထမ်းများ၊ ဘာသာရေးအဖွဲ့များ၊ အ.ထ.က၊ ခေါလိုင်အလက၊ တုန်းတွောင် အ.လ.က ကျောင်းများမှ ဆရာ/ဆရာမများနှင့် အကအဖွဲ့ကျောင်းသား/ကျောင်းသူများ၊ တင်းနစ်ပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်တွင် ဆုရရှိသည့်လူငယ်များ စုစုပေါင်း(၃၁၁)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇိုဇွန်းပါလ်