စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၂

စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၁)ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းတပ်နယ်မှူး ဗိုလ်မှူးကြီးစိုးဦးဟန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်မျိုးဟိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးလျက်ရှိသော နိုင်ငံများအကြောင်းကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မရှင်းလင်းသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)