ရေစကြို ဖေဖော်ဝါရီ ၂၂
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ မြို့နယ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းများအား ဓာတ်အားအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိသည်။
ရေစကြိုမြို့ပေါ်တွင် ရပ်ကွက်များအတွင်း လျှပ်စစ်ဓာတ်အားလိုင်းဆွဲထားသည့် ကြိုးများနှင့် မလွတ်ကင်းသည့် လမ်းဘေးသစ်ပင်ကြီးများမှ သစ်ကိုင်း၊ သစ်ခက်များအား ခုတ်ထွင်ရှင်းလင်းမှုများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားလိုင်းတာဝန်ခံဝန်ထမ်းများက လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေး၊ လျှပ်စစ်အန္တရာယ်မကျရောက်စေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လုလင်(ရေစကြို)