ဗန်းမော် ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးကုသ သံဃာဆောင်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ ပင်စင်စားများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသမှု ခံယူနိုင်ရေးနှင့် အဟာရဒါနပြုခြင်းများကို ယမန်နေ့နံနက် (၇)နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရန် စောင့်ဆိုင်းနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ဗန်းမော်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ ခရိုင်/မြို့နယ် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဗန်းမော်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်စိုး အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဝန်ထမ်းများက အာဟာရဒါနများ ကျွေးမွေးခဲ့ကြပြီး ကြက်ခြေနီအသင်းအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူကြသည့် အဘိုးအဘွားများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို တိုင်းတာပေးခြင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး သွေးတိုး၊ ဆီးချိုကျဆေး စသည့် ဆေးဝါးများအား အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)