လယ်ဝေး ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယနေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့သည် အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က (သပြေပင်) စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)