အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈)ခုမှ ကျောင်းသား/သူ(၇၅၂)ဦး ဝင်ရောက်ဖြေဆိုမည်

အိမ်မဲ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာမြို့နယ်အတွင်း စာစစ်ဌာန(၈)ခုမှ ကျောင်းသား/သူ (၇၅၂) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။

အိမ်မဲမြို့နယ်အတွင်း စာစစ်ဌာန(၈)ခုဖြစ်သော အ.ထ.က (၁)တွင် ၁၆၈ ဦး၊ အ.ထ.က (၂)တွင် ၁၂၂ ဦး၊ အ.ထ.က - လူကောင်းကျွန်းတွင် ၆၉ ဦး၊ အ.ထ.က - တကူဆိပ်တွင် ၅၉ ဦး၊ အ.ထ.က- ဝါးတလုပ်ကမ်းနီတွင် ၄၃ ဦး၊ အ.ထ.က - ဘုရားကြီးကုန်းတွင် ၃၅ ဦး၊ အ.ထ.က- ရွာသစ်တွင် ၁၃၅ ဦးနှင့် အ.ထ.က- ကြို့ကုန်းတွင် ၁၂၁ ဦး စုစုပေါင်း ၇၅၂ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး အနီးကပ်အချိန် ပိုသင်ကြားရေးလုပ်ငန်းများ၊ ညကျောင်းများကို စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)