ကျွန်းလှ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ မျိုးဆက်သစ်အား ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သင်ထောက်ကူပစ္စည်းများနှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်၊ Myanmar Fitness Dance အားကစားနည်းများကို သင်တန်းသား၊ သင်တန်းသူ(၁၀၀)ကျော်ဖြင့် သင်တန်းကာလ(၂၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်း/လှ)