ကျွန်းလှ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ကျွန်းလှ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဟိန်းဘော်ဒါဆောင်၌ ကျင်းပကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဌေးက မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၇၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)