တောင်တွင်းကြီး မတ် ၈
မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပူးပေါင်းကာ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အခြေခံအင်္ဂလိပ်စာ နားလည်တတ်မြောက်စေရန်အတွက် နွေရာသီအင်္ဂလိပ်စာအခြေခံ (4-Skills) သင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာအခြေခံ (4-skills)သင်တန်းကို ဆရာဦးစိုးလွင်(ပညာရေးငြိမ်း)က Listening ၊ Speaking ၊ Reading Writing Four Skills စသည့် အခြေခံအင်္ဂလိပ်စာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ တတ်မြောက်စေရန်အတွက် မတ်လ(၇)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)